ရည်မှန်းချက် နှင့် မျှော်မှန်းချက်

မျှော်မှန်းချက် ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးအာမခံမှုရှိပြီး ကျွမ်းကျင်မှု ပြည့်ဝသော  အတတ် ပညာရှင် လူစွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်သည့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေး သိပ္ပံ ဖြစ်လာစေရန် တာဝန်များ နည်းပညာနှင့် သက်မွေးပညာကို လေ့လာသင်ယူလိုသူတိုင်း သင်ကြားခွင့် ရရှိစေရန်ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များ...

ကျောင်းသမိုင်းအကျဉ်း

       ၂၀၀၉ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲတွင် အစိုးရနည်းပညာ အထက်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပြင်စလူ မြို့မှ လပွတ္တာ(၃)မိုင်မြို့သစ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။