ကျောင်းအုပ်ကြီး၏အမှာစကား

မင်္ဂလာပါ။

အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)မှ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။

အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကို (၂၀၁၆)ခုနှစ်၌ လပွတ္တာ(၃)မိုင်မြို့တွင် စတင်ဖွင့် လှစ်ခဲ့ပါ တယ်။ GTI(လပွတ္တာ)တွင် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ စသည့် အထူးပြုဘာသာရပ်များနှင့် ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများကို သင်ကြားပေးလျက်ရှိပါတယ်။ GTI(လပွတ္တာ)ရဲ့ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဆရာ/ဆရာမများ၏ ဘာသာရပ်ဆိုင်ရာ စာတွေ့လက် တွေ့နှင့် သင်ကြားသင်ယူမှု စွမ်းရည်များ မြင့်တက်လာစေရေး၊ ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်များ မြင့်တက် လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများအား စည်းကမ်းလိုက်နာ၍ ယဉ်ကျေးလိမ္မာပြီး ထူးချွန် ထက်မြက်သည့် အသိပညာရှင်၊အတတ်ပညာရှင်များအဖြစ် လေ့ကျင့်သင်ကြားပေး နိုင်ရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိပြီး  ကျောင်း၏  Infrastructure တိုးတက် ပြည့်စုံနိုင်ရေး အတွက် ကိုလည်းအစဉ်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေရန် နည်းပညာ နှင့်သက်မွေးပညာ သင်တန်းများကိုတက်ရောက်ကြပါရန် အစိုးရစက်မှုလက်မှု သိပ္ပံ(လပွတ္တာ)မှ နွေးထွေး လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။