စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း

Mechanical engineering ၏အဓိကဖြစ်သောMachining Technology ဘာသာရပ်၏အခြေခံကျသောစက်များ၊ကိရိယာများနှင့်ခုတ်စားနည်းများကို သိရှိနားလည်စေရန်၊ အလုပ်ရုံနည်းပညာနှင့်စက်မှုပုံဆွဲအတတ်ပညာကိုအသုံးပြုလျှက်စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်တတ်စေရန်၊ဂဟေဆက်နည်းပညာအခြေခံများကိုတတ်မြောက်နားလည်ပြီးလျှပ်စစ်ဂဟေ၊ဓါတ်ငွေ့ဂဟေ၊ခေတ်ပေါ်ဂဟေဆက်လုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍လေ့ကျင့်သင်ကြားလျှက်ရှိပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

1.Myanmar

2.English

3.Mathematics

4.Applied Physics

5.Life Skill

6.Engineering Mechanics

7.Principles of Electrical and Electronics Technology

8.Basic Technical Drawing

ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

1.English

2.Mathematics

3.Law and Guidelines

4.Thermodynamics

5.Production Technology

6.Internal Combustion Engine

7.Theory of Machines

8. Introduction to ICT

တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

1.English

2.Refrigeration and Airconditioning

3.Automotive Technology

4. Fluid Mechanics

5. Internal Combustion Engine

6. Control Technology

7.Design of Machine Elements

8.Estimating & Shop Management

A.G.T.I Diploma(Mechanical Engineering)

A.G.T.I ကျောင်းသို့ တက်ရောက်လိုလျှင် ၀င်ခွင့်စာမေးပွဲဖြေဆိုရန် မလိုပါ။ တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူများသည် မည်သည့်နှစ် တွင် မဆို အောင်မြင် ပြီးသူဖြစ်ရမည်။ အသက် ကန့်သတ်ချက်မရှိပါ။ အင်္ဂလိပ် နှင့် သင်္ချာ (၂) ဘာသာပေါင်းရမှတ်ကို မူတည်၍ ၀င်ခွင့်ကို ခေါ်ပါသည်။ G.T.H.S မှ အောင်မြင်ပြီးသူများလည်း သတ်မှတ် အရည်အချင်းပြည့်မှီပါက လျှောက်ထားနိုင်ပါသည်။

 

 

သင်တန်း (၃)နှစ် ပြီးမြောက်ပါက စက်ရုံ/ အလုပ်ရုံများနှင့် မော်တော်ယာဉ် အလုပ်ရုံများတွင် Technician များအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပါမည်။ ထူးချွန်သူများအနေဖြင့် B-Tech/ BE အဆင့်မြင့်သင်တန်းများသို့ ဆက်လက်ပညာသင်ကြားခွင့်ရရှိ ပါမည်။



လက်တွေ့ဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ